HISTORY OF SCHOOL

အစိုးရ စက်မှုလက်မှုသိပ္ပံ (မန္တလေး)

About us
အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး) ၂၀၁၅-၂၀၁၆ပညာသင်နှစ်ကို ၂၀၁၆ ခုနှစ်၊ဇန်နဝါရီလ(၂၅)ရက်နေ့ တွင် စတင် ဖွင့်လှစ် ခဲ့ပါသည်။

ကျောင်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက်

အစိုးရ စက်မှုလက်မှု သိပ္ပံ(မန္တလေး) ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ
(က) ဒေသတွင်း လူငယ်လူရွယ်များအား အသက်မွေးဝမ်းကြောင်းပြုနိုင်သည့်နည်းပညာဘာသာရပ်များ လေ့ကျင့်သင်ကြားပေးနိုင်ရန်။
(ခ) ကျွမ်းကျင်တတ်မြောင်သည့် နည်းပညာရှင် လူ့စွမ်းအား အရင်း အမြစ်များမွေးထုတ်ပေးနိုင်ရန်။

ကျောင်း စတင်ဖွင့်လှစ်သော ရက်စွဲနှင့် ကျောင်းသမိုင်း အကျဉ်း

အစိုးရ စက်မှုလက်မှုသိပ္ပံ(မန္တလေး) ၂၀၁၅−၂၀၁၆ ပညာသင်နှစ်ကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ပါသည်။

ကျောင်းလိပ်စာ (မြေအကျယ်အဝန်းအပါအဝင်) အနီးအနားရှိ ထင်ရှားသော နေရာများ

လမ်း ၇၀ နှင့် ၂၈ လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးခရိုင်၊ မန္တလေးတိုင်းဒေသကြီး၊ (၃.၅၅) ဧက ကျယ်ဝန်းပါသည်။

ဖုန်းနံပါတ်၊ ဖက်(စ်) နံပါတ် နှင့် အီးမေးလ်လိပ်စာ

ကျောင်းဖုန်း- ၀၉-၇၇၆၆၈၀၂၃၈/၂၃၉
ကျောင်းအုပ်ကြီးဖုန်း- ၀၉-၈၉၉၆၉၁၆၇၀
အီးမေးလ်လိပ်စာ- [email protected], [email protected]

ကျောင်းမှ ပံ့ပိုးပေးထားမှုများနှင့် ဝန်ဆောင်မှုများ

အစိုးရ စက်မှုလက်မှုသိပ္ပံ(မန္တလေး)မှ လစဉ်ပညာသင်ထောက်ပံကြေးအား ကျောင်းသား(၁)ဦးလျှင် (၁)လ(၃၀၀၀၀ိ/−) ထောက်ပံ့ပေးပါသည်။ ပညာသင်ယူနေစဉ် အတွင်း လက်တွေ့ ကျွမ်းကျင်မှု လုပ်ငန်းအတွေ့ အကြုံရရှိစေရန် သက်ဆိုင်ရာ သင်တန်းအလိုက် ပုဂ္ဂလိက လုပ်ငန်းအချို့တွင် ဝင်ရောက်လေ့လာသင်ယူနိုင်စေရေးအတွက် လည်းဆောင်ရွက်ပေးပါသည်။

ကျောင်းပြီးဆုံးပါက အနာဂတ် အခွင့်အလမ်းများ

ကျောင်းပြီးဆုံးပါက အထူးအောင်မြင်သူများအတွက် နည်းပညာတက္ကသိုလ်များသို့ ဆက်လက် ပညာသင်ကြားခွင့်ရရှိပြီး ရိုးရိုးအောင်မြင်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်း များ ရရှိစေရေးအတွက် ပုဂ္ဂလိကလုပ်ငန်း အချို့နှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်‌ေပးပါသည်။

တာ၀န်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီးများ

စဥ်  အမည်  ပညာအရည်အချင်း  တာ၀န်ထမ်းဆောင်ခဲ့သည့် ကာလ 
1 ဒေါက်တာ ကျော်ကျော်မြင့်

 Ph.D (Mech)

( ၂၅.၅.၂၀၁၈ မှ ယနေ့ထိ)
2 ဒေါက်တာ အောင်သိန်းစိုး  Ph.D (Mech) ( ၁.၁.၂၀၁၆) မှ  ( ၂၅.၅.၂၀၁၈) အထိ

Contact

လမ်း ၇၀နှင့်၂၈ လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊

မန္တလေးခရိုင်၊ မန္တလေးတိုင်း

Supported By

Image

Search