News

Previous Next

ပထမအကြိမ် စာအုပ်ပြပွဲနှင့် စာအုပ်အရောင်းပွဲတော်

အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တလေး) ၏ စာပေနှင့် အနုပညာအသင်းမှ ကြီးမှူး၍ ပထမအကြိမ် စာအုပ်ပြပွဲနှင့် စာအုပ်အရောင်းပွဲတော်ကို ၃.၂.၂၀၂၀ ရက်နေ့မှ ၅.၂.၂၀၂၀ ရက်နေ့ထိ အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တလေး)ကျောင်း၀န်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနေပါသည်။ ဖွင့်ပွဲ အခမ်းအနားသို့ မန္တလေးတိုင်း ပြန်/ဆက်ဉီးစီးဌာနမှ သက်ဆိုင်ရာ တာ၀န်ရှိသူများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တလေး) ကျောင်းအုပ်ကြီး ဒေါက်တာ ကျော်ကျော်မြင့်၊ ဒုတိယကျောင်းအုပ်ကြီး၊ စီမံဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ စာပေနှင့် အနုပညာအသင်းမှ တာ၀န်ရှိသူများနှင့် ကျောင်းသူ ကျောင်းသားများ တက်ရောက်ခဲ့ကြပါသည်။ ပထမဉီးစွာ အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တလေး) ကျောင်းအုပ်ကြီး ဒေါက်တာ ကျော်ကျော်မြင့်မှ အဖွင့်အမှာစကားပြောကြား၍ ပြန်/ဆက်ဉီးစီးဌာနမှ သက်ဆိုင်ရာ တာ၀န်ရှိသူတစ်ဉီးမှ လည်း နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ စာပေနှင့် အနုပညာအသင်းဉက္ကဌမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး နံနက် (၉) နာရီ အချိန်တွင် ဖဲကြိုးဖြတ်၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။

Contact

လမ်း ၇၀နှင့်၂၈ လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊

မန္တလေးခရိုင်၊ မန္တလေးတိုင်း

Supported By

Image

Search