News

Previous Next

အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တလေး) ကျောင်းတွင်ဝါဆိုသင်္ဃန်းဆက်ကပ်ခြင်း

၁၃၈၂ ခုနှစ် ဝါခေါင်လဆန်း(၃)ရက်၊ခရစ်နှစ် ၂၀၂၀ခုနှစ်၊ ဩဂုတ်(၂၁ရက်) နံနက် ၉နာရီတွင် ပဥ္စမအကြိမ်မြောက် ဝါဆိုသင်္ဃန်းဆက်ကပ်ခြင်းအခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Novel Corona Virus Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာဆရာမများ နှင့်ဝန်ထမ်းများတက်ရောက်၍ ဝါဆိုသင်္ဃန်းဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ပြီး ဆရာတော်ထံမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာဆရာမများ နှင့်ဝန်ထမ်းများ က ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပါသည်။ ယင်းနောက် ဆရာတော်၊ သံဃာတော်များက မေတ္တာသုတ် ပရိတ်တရားတော်များဟောကြားတော်မူခဲ့ပြီး ဆရာကြီးဆရာမကြီးများနှင့် အလုပ်အမှုဆောင်များကဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ယင်းနောက် တက်ရောက်လာကြသည့်ဧည့်ပရိသတ်များက ဆရာတော်ထံမှ အနုမောဒနာတရားနာ ကြားခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

အခမ်းအနားအပြီးတွင် ကျောင်းအုပ်ဆရာကြီး ဆရာဆရာမများနှင့် ဝန်ထမ်းများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

Contact

လမ်း ၇၀နှင့်၂၈ လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊

မန္တလေးခရိုင်၊ မန္တလေးတိုင်း

Supported By

Image

Search