အစိုးရ စက်မှု လက်မှု သိပ္ပံ (မန္တလေး)၌ လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့တွင် အားကစားပြိုင်ပွဲများ ကျင်းပခဲ့ပါသည်။ ပါဝင်သော အားကစားပွဲစဉ်များမှာ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသား ဘောလုံးပွဲ နှင့် အမျိုးသမီး ဖူဆယ်ပွဲတို့ ဖြစ်ပါသည်။ ပွဲစဉ်များအားလုံးတွင် Major အားလုံးတို့မှ ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ် ကျောင်းသား/ကျောင်းသူများမှ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြပါသည်။
