News

Previous Next

လေးထပ်ကျောင်းဆောင်ဖွင့်ပွဲ အခမ်းအနား

အစိုးရ စက်မှု လက်မှု သိပ္ပံ (မန္တလေး) လေးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ၊ အလုပ်အကိုင်ပြပွဲနှင့် ကျောင်းသား/ သူများ၏ စွမ်းရည်ပြပွဲ အခမ်းအနား များ ကျင်းပပြုလုပ်

အစိုးရ စက်မှု လက်မှု သိပ္ပံ (မန္တလေး) လေးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ၊ အလုပ်အကိုင်ပြပွဲနှင့် ကျောင်းသား/ သူများ၏ စွမ်းရည်ပြပွဲ အခမ်းအနား များ ကျင်းပပြုလုပ် အစိုးရ စက်မှု လက်မှု သိပ္ပံ (မန္တလေး) လေးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ၊ အလုပ်အကိုင်ပြပွဲနှင့် ကျောင်းသား/ သူများ၏ စွမ်းရည်ပြပွဲ အခမ်းအနား များ ကို နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၉နာရီ က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၂၇ x ၇၀ လမ်းထောင့် ရှိ အဆိုပါ သိပ္ပံတွင် ကျင်းပပြုလုပ်ရာ ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် ချီးမြှင့် သည်။ ရှေး ဦးစွာ လေးထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲကို ပင်မ ဆောင်ရှေ့တွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပညာရေး မြှင့်တင်မှု ကော်မတီ ဥက္ကဌ ဒေါက်တာတင်အောင်၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေး ပူးပေါင်း ကော်မတီ ဥက္ကဌ ဒေါက်တာ လှမိုး၊ ဒုတိယ ဝန်ကြီး ဦးမော်ထွန်း၊ တိုင်းဒေသ ကြီး စည်ပင်သာယာ ရေးဝန်ကြီး ဒေါက်တာရဲလွင်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်၊ ဆောက်လုပ်ရေးဦးစီးဌာန ၊ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဇော် တို့က ကျောင်းဆောင်သစ် ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီး နှင့် တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီးတို့က ကျောင်းဆိုင်းဘုတ် ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာကမ္ဗည်းမော်ကွန်း ကြေးပြားကို အမွှေး နံ့သာရည်များ ပတ်ဖျန်းပေးသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် ပညာရေး မြှင့်တင်မှု ကော်မတီ ဥက္ကဌ တို့က ကျောင်းဆောင်သစ်အလယ်ရှိ ကွင်းပြင်တွင် ကံ့ကော်ပင် ကို အမှတ်တရ စိုက်ပျိုးပေးသည်။ ထို့နောက် ဖွင့်ပွဲ အခမ်းအနားကို ကျောင်းခန်းမတွင် ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး မှ အဖွင့် အမှာစကား ပြောကြားခဲ့ပြီး Save The Enviroment Project တွင် ကူညီ ပံ့ပိုးပေးခဲ့ကြသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ ကိုယ်စားလှယ် များကို ဂုဏ်ပြု မှတ်တမ်းလွှာ များပေးအပ်ကာ ကျောင်းစာသင်ခန်းအတွင်း စက်မှု၊ လက်မှု ကုမ္ပဏီများ၏ အလုပ်အကိုင်ပြပွဲ နှင့် ကျောင်းသား/ သူများ Project ပြပွဲများကို လှည့်လည် ကြည့်ရူ အားပေးခဲ့ရာ တာဝန်ရှိသူ များမှ လိုက်လံ ရှင်းလင်း ပြသသည်။ ယင်း အခမ်းအနား သို့ လွှတ်တော် ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီး ဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန တို့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ GIZ Myanmar မှ တာဝန်ရှိသူများ၊ အစိုးရ စက်မှု ၊ လက်မှု ကုမ္ပဏီ လုပ်ငန်းရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။ အဆိုပါ လေးထပ်ကျောင်းဆောင်သစ်ကို (၅.၁၂.၂၀၁၇) ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦးဦးစီးဌာန၊ အဆောက်အဦး အထူး အဖွဲ့ (၆)၊ တည်ဆောက်ရေးအဖွဲ့ (၂) မှ တာဝန်ယူဆောက်လုပ်ပြီး (၃၀.၉.၂၀၁၈) ရက်နေ့တွင် ဆောက်လုပ်ပြီးစီး အပ်နှံ ခဲ့ကာ အဆောက်အဦး အတိုင်းအတာ မှာ ပေ(၁၇၀ x ၁၃၀ )RC(၄) ထပ် အ​ဆောက်အဦး ဖြစ်၍ အဆောက်အဦး တန်ဖိုးမှာ (၂၄၄၄.၆၄) သန်းဖြစ်ကြောင်းသိရသည်။ ( Ah Lin Nge) # TheMandalayNewsJournal

Contact

လမ်း ၇၀နှင့်၂၈ လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊

မန္တလေးခရိုင်၊ မန္တလေးတိုင်း

Supported By

Image

Search